Mitteilung des (64) Chin National Tag feiern, in Frankfurt/M

CHIN COMMUNITY( GERMANy)e.V.

C/o John Aungling, Am Rütschlehen 24
60386 Frankfurt am Main, Germany
Tel:++49-8271-420575;
website: www.ccgev.de;
info@ccgev.de

Akten Zeiten: :Az.:CCGe.V./Mitteilung 64. CND

(၆၄)ကြိမ်မြောက်ချင်းအမျိုးသားနေ့ သတင်းပြန်ကြားခြင်း။

(၆၄) ကြိမ်မြောက်ချင်းအမျိုးသားနေ့ ကို ဂျာမနီရောက်ချင်းလူမျိုးများမှ ဖွဲ့ စည်းသည့် ကျင်းပရေးကော်မ တီ ဦးဆောင်မှု့ ဖြင့် ၂၀၁၂ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၈) ရက်နေ့ ညနေ ၄ နာရီမှစတင်ကာ Saalbau Eckheim, Frankfurt am Main,Germany ၌ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြပါသည်။

(၆၄) ကြိမ်မြောက်ချင်းအမျိုးသားနေ့  အခန်းအနား သို့ ဂျာမနီရောက် ပြည်ထောင်စုမြန်မာနိုင်ငံမှ တိုင်းရင်းသား ညီကိုများ၊ ဂျာမန်မိတ်ဆွေများ indian pharmacy နှင့် ချင်းလူမျိုးများ အားလုံးစုစုပေါင်း (၁၀၀) လောက် တတ်ရောက်လာနိုင်ကြပါ သည်။

(၆၄) ကြိမ်မြောက်ချင်းအမျိုးသားနေ့ အခန်းအနားတွင် သဘာပတိမိန့် ခွန်းကို Pu Biak Hmun Thang မှ လည်းကောင်း၊ ချင်းအမျိုးသားနေ့  ဖြစ်ပေါ်လာပုံအကျဉ်းချုပ်ကို Pu Van Hleih Cung မှလည်းကောင်း၊ ချင်းလူမှုရေးအသင်းဥက္ကဌ Pu John Aung Ling မှ အသင်း၏ သ၀ဏ်လွာ ကို လည်ကောင်း အသီးသီး ဖိတ်ကြား (၀ါ) မိန့် ကြားခဲ့ကြပါသည်။ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားတပ်မတော် မှ လည်း (၆၄) ကြိမ်မြောက်ချင်းအမျိုး သားနေ့ အခန်းအနား သို့ သ၀ဏ်လွာ ပေးပို့ ခဲ့ပါသည်။ ကျင်းပရေးကော်မတီ

online viagra without prescription

ဥက္ကဌ Pu Ngun Cung Lian မှ လည်း (၆၄) ကြိမ်မြောက်ချင်းအမျိုးသားနေ့ ဖြစ်မြောက်အောင် အစစ အရာရာပါဝင် ကူညီခဲ့ကြသူများ နှင့် လာ ရောက်ချီးမြှင့်ကြသူများအား ကျေးဇူးတင်စကား ပြောကြား ခဲ့ပါ သည်။

ချင်းရိုးရာ ၀တ်စုံပြပွဲ နှင့် ချင်းရိုးရာ အကပြပွဲ များကိုလည်းတင်ဆက်ပြသနိုင်ခဲ့ပါသည်။ ဤသို့  ဖြစ် မြောက် နိုင်အောင် အစစအရာစီစဉ်ပေးသူ Daw Khuang Cer ( (၆၄) ကြိမ်မြောက် ချင်းအမျိုးသားနေ့ ကျင်းပရေး ကော်မတီ ဒု ဥက္ကဌ Pu Van Hleih Cung buy cialis online ကတော်) အားအထူးကျေးဇူးတင်ရှိပါသည်။

ဖျော်ဖြေရေးအစီအစဉ်၌လည်း တီးဝိုင်းအဖွဲ့ မန်နေဂျာ ကို ဆွမ်နို မှ ဦးဆောင်ကာ Ko Franky, Ko Billy Kim, Ko Alian, Ko Paceu တို့ မှ လက်ရည်ပြ တီးခိုက်ခဲ့ကြပြီး Ko Richard Van မှ အသံထိန်းပေး သဖြင့် ပါဝင် သီဆိုသူများအပြင် နားသောတရှင်သူများပါ အားရကျေနပ် ပျော်ရွင်ခဲ့ကြပါသည်။

အထူးဧည့်သည် ဂျာမန်လူမျိုး Ko Micky မှ လည်း မြန်မာသီချင်းများဖြင့် အားရပါးရ ဖျော်ဖြေသီဆို ခဲ့ပါ သည်။ အထူးအစီအစဉ်အဖြင့် ကချင်စစ်ဘေးဒုက္ခသည်များအတွက် အလှူငွေကောက်ခံ ပေးရာ ယူရို ၄၄၂ ရရှိခဲ့ပါ သည်။ အလှူစာရင်းကို သီးသန့် တင်ပြပေးထားပါသည်။

အစားအစာ အဖြင့် ထမင်းနှင့် အစိမ်းကြော်၊ ကြက်ကြော်၊ ၀က်သားကြော်များကို တတ်ရောက် ချီးမြှင့်လာသူ များအား အလကား ကျွှေးပါသည်။

ဒီနှစ် (၆၄) ကြိမ်မြောက်ချင်းအမျိုးသားနေ့ တွင် ပြုလုပ်သည့် အခန်းအနားအစီအစဉ်၊ ရိုးရာပြပွဲအစီအစဉ်၊ အစားအသောက်အစီအစဉ် နှင့် ဖျော်ဖြေရေးအစီအစဉ် များသည် တစ်ခုနှင့် တစ်ခု ချော်မော ဆီလျော် စွာဖြင့် တာဝန်ကျသူ များမှ တာဝန်ကျေပွန်စွာထမ်းဆောင်နိုင်ခဲ့ကြပါသည်။

ထို့ ကြောင့် (၆၄) ကြိမ်မြောက်ချင်းအမျိုးသားနေ့ ပွဲကို ဘာပြသနာမှရှိပဲ ည ၁၀ နာရီခွဲ လောက်တွင် တတ် ရောက်ချီးမြှင့်သူများအတူတကွ ၀ိုင်းကခြင်း၊ တီးဝိုင်းအဖွဲ့ ဝင်များနှင့် ၀ါသနာရှင်များမှ ရခိုင်ရိုးမ တောင်တန်းနှင့် ဆက်နေတဲ့ ချင်းတောင်တန်း (ဆလိုင်းသောန သီချင်း) ကို ၀ိုင်းသီဆိုကြခြင်းဖြင့် အောင်မြင်စွာ ရှိုပ်သိမ်းခဲ့ကြ ပါသည်။

တတ်ရောက်သူများမှ (၆၄) ကြိမ်မြောက်ချင်းအမျိုးသားနေ့ ပွဲ အပေါ် ကောက်ချက် ချချက်များ။

ကျင်းပသည့် နေရာနှင့် အခန်းသည် ကျင်းပလာခဲ့သမျှ နေရာနှင့် အခန်းများထက် ပိုကောင်းတယ်ဗျာ။ နောက်နှစ်များတွင်လည်း ဒီနေရာမှာပဲလုပ်ကြရအောင်။

ပျော်တယ်ဗျာ၊ ကျနော်ပျော်တယ် Ko Micky (German)

ဒီနှစ် လည်း အရင်နှစ်တွေလိုပဲ ဂျာမနီရောက်ပြည်ထောင်စုမြန်မာနိုင်ငံမှ တိုင်းရင်းသားများ လာရောက်အားပေး ကြတာတွေ့ ရတော့ ၀မ်းသာစရာပါပဲ။ Pu Lal

(၆၄) ကြိမ်မြောက်ချင်းအမျိုးသားနေ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ
ချင်းလူမှုရေးအသင်း (ဂျာမနီ)
အမှု့ ဆောင်အဖွဲ့ 
ဖေဖော်ဝါရီလ ၂၃ ရက်၊ ၂၀၁၂ ခုနှစ်၊ ဖရန့် ဖော့်မြို့ ။lowest price on levitra

Comments are closed.