1st Europe Chin Fußball Turnie Bericht.
ပထမအကြိမ် ဥရောပ ချင်းဘော်လုံးပြိုင်ပွဲ ကျင်းပရခြင်းရည်ရွယ်ချက်များနှင့် ပြိုင်ပွဲ အတွင်း ဖြစ်စဉ်များ အကျဉ်းချုပ် အစီရင်ခံ တင်ပြခြင်း။
ချင်းလူမျိုးများသည် ခရစ်သက္ကရာဇ် ၂ဝဝဝ ခုနှစ် မှစတင်ကာ ဥရောပတိုက်သို့ နည်းမျိုးစုံဖြင့် အစုလိုက် ဝင်ရောက် နေထိုင် အခြေ စိုက်လာခဲ့ကြပါသည်။ ချင်းလူမှု့ရေးအသင်း(ဂျာမဏီ) သည် ၂ဝဝ၁ ခုနှစ်၊ ဖေဖော်ဝါရီလ(၂ဝ) ရက်နေ့ (ချင်းအမျိုးသားနေ့) တွင် ဂျာမဏီ နိုင်ငံရောက်ချင်းလူမျိုးများမှ စတင်တည်ထောင်ခဲ့ကြပါသည်။ ချင်းလူမှု့ရေးအသင်း(ဂျာမဏီ) အနေနှင့် မိမိနေထိုင်သည့် နိုင်ငံနှင့် အိမ်နီးချင်းဥရောပနိုင်ငံများသို့ မိမိလူမျိုးများ တစ်နှစ်ပြီးတစ်နှစ် တိုးပွား လာခြင်း အပေါ် အားရဝမ်းသာ ပီတိဖြစ်မိပါ သည်။ တစ်ချိန်တည်းမှာလည်း မိမိလူမျိုးများနှင့် ခင်မြင်ရင်းနှီး ချင်စိတ်များပေါ် လာပါသည်။ ထို့အပြင်တိုးတတ်ပြီး လူနေမှု့အဆင့် အတန်းမြင့်မားကာ လွှတ်လပ်စွါနှင့် လူအခွင့်အရေးအပြည့်အဝခံစားနိုင်သည့် ဥရောပနိုင်ငံများတွင် မိမိလူမျိုးများ ထင်ရာဆိုင်းကာ မိမိအမျိုး၊ မိမိရိုးရာယာဉ်ကျေးမှု့အစဉ်အလာများကိုမေ့ပျောက်ပြီး သူတစ်ပါး၏ ရိုးရာယာဉ်ကျေးမှု့အစဉ်အလာများကို ခံယူလျှက် အမျိုးပျောက်မှာကိုလည်းအလွန်မတန်စီုးရိမ်ပူပန်မိပါသည်။ ထို့ကြောင့် ဥရောပတိုက်ရောက် ချင်းလူမျိုးများ (မျိုးနွယ်စုနှင့်လူမျိုးစု သာမပုာတ် ပဲ) အားလုံးပါဝင် တတ်ရောက်နိုင်မည့် ပွဲ သို့မပုာတ် အစည်းဝေး ကျင်းပရန် အလွန်မတန် ဆန္ဒပြင်းပြလျှက်ရှိပါသည်။
လူမျိုးတစ်မျိုး၏ အနာဂတ်သည် လည်းကောင်းလူမျိုး၏ မျိုးဆက်သစ်လူငယ်များအပေါ် များစွာ မှုတည်လျှက်ရှိသည် ဖြစ်ရာ၊ ဥရောပရောက်ချင်းလူမျိုးများ အနာဂတ်အတွက် ယခုလက်ရှိလူငယ်များကို အမျိုးဂုဏ်၊ဇာတိဂုဏ် မြင့်မား လာအောင် နှင့် မိမိအ မျိုးကိုချစ်မြတ်နိုးတတ်လာအောင် သွန်သင် ပေးရမည်ပုာယူဆမိကြသောကြောင့် လူငယ်များကို အဓိက ထားကာ အားလုံးပါဝင် နိုင်မည့် အားကစားပွဲတော် ကိုကျင်းပနိုင်ရန် စတင် လှုပ်ရှားလာခဲ့ကြပါသည်။ သို့ဖြစ်ပါ၍ ဥရောပချင်းဘော်လုံးပြိုင်ပွဲကို အောက်ပါ ရည်ရွယ်ချက်များဖြင့် ကျင်းပရန် ဆုံးဖြတ်ချက်ချ ကာ ပထမအကြိမ်အနေနှင့် မိမိတို့ချင်းလူမှု့ရေးအသင်း(ဂျာမဏီ) မှ ကမကထ ပြုလုပ်ကျင်းပနိုင်ရန်ကော်မတီဖွဲ့ခဲ့ပါသည်။ ထို့နောက် ဥရောပ ရောက်ချင်းလူမျိုးများမှဖွဲ့စည်းသည့် အသင်း အဖွဲ့ခေါင်းဆောင်များ ထံ မိမိတို့၏ အကြံကို အကြောင်းကြားခဲ့ပါသည်။ နောက်နောင်နှစ်များတွင် ဥရောပရောက်ချင်းလူမျိုးများ ပါဝင်သည့် ကျင်းပရေးကော်မတီကိုဖွဲ့စည်းရန် လည်းရည်ရွယ်ခဲ့ကြပါသည်။ မိမိတို့၏ရည်ရွယ်ချက်များမှာ
၁။ ဥရောပရောက်ချင်းလူမျိုးများ အချင်းချင်း ခင်မြင်ရင်းနှီးလာစေရန်။
၂။ မိမိလူမျိုးများ၏ ရိုးရာယာဉ်ကျေးမှု့ ကို ထိန်းသိမ်း၊ လေးစားတတ်ရန် နှင့် တစ်ခြားလူမျိုးများ၏ ရိုးရာယာဉ်ကျေးမှု့ များကို လေးစားတတ်ရန်။
၃။ မိမိလူမျိုးများ ဖက်စုံတိုးတတ်ရေးကို အားပေးကာ လက်တွေ့လုပ်ဆောင်ရန်။
၎။ အသင်းအဖွဲ့အလိုက် စနစ်တကျ စည်းကမ်းလိုက်နာတတ်ရန်နှင့် စုပေါင်းလုပ်ဆောင်ခြင်းကိုအကောင်အတည်ဖော်လုပ်ဆောင် တတ်ရန်။
၅။ ဘော်လုံးပြိုင်ပွဲ မှ အားကစားပွဲတော် သို့၊ ထိုမှတဆင့် စာပေ၊ ယာဉ်ကျေးမှု့၊ အဆိုအက နှင့် လှယာဉ်ကြေးမယ် ပြိုင်ပွဲ အထိ တစ်ဖြည်းဖြည်း တစ်နှစ်ပြီးတစ်နှစ် ဆင့်ပွားကျင်းပရန် နှင့် ဥရောပရောက်ချင်းလူမျိုးများမှ ဤပွဲတော်ကို ဆက်လက် ထိန်းသိမ်း ကာ မျိုးဆက်သစ် လူငယ်များထံ လက်ဆင့်ကမ်းလွှဲအပ်ပေးရန်။ တို့ဖြစ်ကြပါသည်။
မှတ်ချက်။ ။ ဤရည်ရွယ်ချက်များသည် ချင်းလူမှု့ရေးအသင်း(ဂျာမဏီ) မှ ပထမအကြိမ် ဥရောပ ချင်းဘော်လုံး ပြိုင်ပွဲအတွက် ရေးထားခြင်းမျှသာဖြစ်သောကြောင့် နောင်လာမည့် နှစ်များတွင် ဥရောပ ချင်းလူမျိုးများအားလုံးပါဝင်သည့် ကျင်းပ ရေးကော်မတီမှ ဖြည့်စွတ်ခြင်း၊ ပယ်ဖျက်ခြင်းများပြုလုပ်နိုင်ပါသည်။
ဥရောပရောက် ချင်းလူမျိုးများထံ အကြောင်းကြားထားပြီးဖြစ်သည့်အတိုင်း ပထမအကြိမ် ဥရောပချင်းဘော်လုံးပြိုင်ပွဲနှင့် အားက စားပြိုင်ပွဲကို ၂ဝ၁ဝ ခုနှစ် ဘြဂုတ်လ ၅ ရက်နေ့မှ ၈ ရက်နေ့အထိ Rüsselsheim, Germany နိုင်ငံတွင် အောင်မြင်စွာ ကျင်းပ နိုင်ခဲ့ ကြပါသည်။ အသေးစိတ်အစဉ်အစီများကို အောက်ပါအတိုင်းရေးဆွဲထားကြပါသည်။

